ကျွန်ုပ်သိသင့်သော အရာများလား
တေးဂီတဖျော်ဖြေပွဲတစ်ခု၌ အဆိုတော် တေးရေးဆရာ ဒေးဗစ် ဝေးလ်ကော့ အား မည်သို့ သီချင်းရေးသားစပ်ဆိုသီကုံးသနည်းဟု ပရိသတ်ထဲမှမေးမြန်းခဲ့သည်။ သူက သူသီချင်းရေးစပ်ရာ၌ ကဏ္ဍသုံးရပ်ရှိကြောင်း၊ တိတ်ဆိတ် ငြိမ်သက်သည့်နေရာတွင် စာရွက်အလွတ်နှင့် ‘‘ကျွန်ုပ်သိသင့်သောအရာ တစ်ခုခုများ ရှိသေးသလား’’ ဟူသော မေးခွန်းကို ဆင်ခြင်သည် ဟု ဖြေဆိုခဲ့သည်။ သူ့အဖြေက ကျွန်ုပ်ရင်ကို ထိသည်။ အသက်တာအတွက် ဘုရား၏ အကြံအစည်များကို နေ့ရက်စဉ်တိုင်းရှာဖွေရာ၌ ဤ မေးခွန်းက သခင်ယေရှု၏နောက်တော်လိုက်များအတွက် ကောင်းမွန် လှသည့် နည်းလမ်း ဖြစ်သည်။
လူပရိသတ်တို့အား ရှင်ယေရှု အမှုတော်ဆောင်စဉ် တစ်လျှောက်လုံးတွင် သူတစ်ဦးတည်း ဆုတောင်းရန် သခင် အချိန်ယူခဲ့သည်။ မုန့် ၅ လုံးနှင့် ငါး ၂ ကောင်ဖြင့် လူ ၅၀၀၀ အား ကျွေးမွေးပြီးနောက် ကိုယ်တော်သည် ပရိသတ်များကို ပြန်လွှတ်လိုက်ပြီး တပည့်တော်များကိုလည်း လှေဖြင့်…
အရေးကြီးသော သတိပေးချက်များ
လူသားများအတွက် မည်သည့်အရာက အရေးပါသည်ကို ရေခဲသေတ္တာ၏အပြင်ပိုင်းက ဖော်ပြနေကြောင်း မနုဿဗေဒပညာရှင် Anthony Graesch မှ ပြောခဲ့သည်။ Graesch နှင့် လုပ်ဖော်ဆောင်ဖက်များက လော့စ်အိန်ဂျယ်လိစ် တွင် မိသားစုများကို လေ့လာစစ်တမ်းကောက်ရာ ရေခဲသေတ္တာတွင် ကျောင်းအချိန်ဇယား၊ မိသားစုဓာတ်ပုံ၊ ကလေးများဆွဲထားသော ပန်းချီနှင့် သံလိုက် စသည်ဖြင့် ပစ္စည်းအမျိုးပေါင်း ၅၂ ခု ခန့်မျှကို ကပ်ထားကြောင်း တွေ့ရသည်။ Graesch က ရေခဲသေတ္တာကို ‘‘မိသားစု အမှတ်တရများကို နေရာပြန်ချထားသောနေရာ’’ ဟု ခေါ်ဆို ခဲ့သည်။
ဘုရားသခင်သည် လက်ဆုပ်လက်ကိုင် ပြ၍ရသည့် အရာများဖြစ်သော ဓာတ်ပုံ၊ အမှတ်တရ လက်ဆောင်၊ ရွှေကျမ်းချက်များကို အသုံးပြု၍ သူ၏သစ္စာတော်ကို သတိပေးအမှတ်ရမိစေပြီး နှုတ်ကပတ်တော်ကို ၀န်ခံနာခံရန် နှိုးဆော်သည်။ ဣသရေလလူမျိုးများ ခါနန်ပြည်သို့ မ၀င်မီ မောရှေက ဘုရားရှင်ပေးခဲ့သော ပညတ်တော်များကို စောင့်ရှောက်လိုက်နာရန်…
ကျင်လည်ရမည့် အသက်တာလမ်း
ခေတ်သုံး ဘာသာပြန် ကျမ်းစာတစ်အုပ်မှ ‘‘our way of life’’ ဟူသည့်စကားစုကို ကိုးကားချက်ကို ကြားလိုက်ရ၍ ကျွန်တော် အံ့ဩသွားသည်။ ထို့ကြောင့် ထိုစကားစုကို
အင်တာနက် ဂူဂဲလ်မှ ရှာဖွေကြည့်ရာ မိမိမျှော်လင့်ထားသည့် လူနေမှုဘ၀ကို ခြိမ်းခြောက်
နေသည့်စိုးရိမ်ကြောင့်ကြစရာများကို အဓိကထားဖော်ပြသည်ကို တွေ့ရသည်။ လူတို့ ခံစားရသည့် ခြိမ်းခြောက်မှုများအနက် ထင်ရှားလှသော အရာများမှာ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု၊ အကြမ်းဖက် မှုနှင့် အစိုးရ၏ နိုင်ငံရေးဆိုင်ရာမူဝါဒများဖြစ်သည်။
‘‘ခရစ်တော်၏ နောက်လိုက်များအနေဖြင့် ကျွန်ုပ်တို့
ကျင်လည်ရမည့် ဘ၀လမ်းကား အဘယ်နည်း’’ ကျွန်ုပ်တို့ကို နှစ်သိမ့်သက်သာစေသော၊ လုံခြုံစေသော၊ ပျော်ရွှင်စေသော၊
ထိုမျှမက (ထိုထက်ဆိုးသော/ကောင်းသော)လမ်းလား။
ဧဖက်မြို့ရှိ ခရစ်ယာန်များအား ၎င်းတို့၏ အသက်တာကို
ဘုရားသခင် အမှတ်ထင်ထင် ပြောင်းလဲပေးခဲ့ပုံနှင့် စပ်လျဉ်း၍
ရှင်ပေါလုက ပြန်ပြောင်း သတိပေးသည်။ ‘‘ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည်…
အရှုံးလား၊ အနိုင်လား
နှစ်စဉ်နှစ်တိုင်း ဇွန်လ ၁၈ ရက် နေ့ရောက်လျှင် ယခု ဘယ်လဂျီယံဟု ခေါ်သောနိုင်ငံ၌ ၀ါတာလူးစစ်ပွဲကြီး အောက်မေ့ဖွယ်အခမ်းအနားကို ပြုလုပ်ကျင်းပကြသည်။ ၁၈၁၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က အမတ်ကြီး ၀ယ်လင်တန် ဦးဆောင်သော နိုင်ငံပေါင်းစုံတပ်ကြီးက နပိုလီယံ၏ ပြင်သစ်တပ်မတော်ကို အောင်နိုင်ချေမှုန်းခဲ့သည်။ ထိုအချိန်မှစ၍ ‘‘to meet your Waterloo’’ - ၀ါတာလူးစစ်ပွဲ ရင်ဆိုင်ရတော့မည် ဆိုသော စကားစုမှာ ‘‘ခွန်အားကြီးမားလွန်းသူတစ်ဦးဦး (သို့) အခက်ခဲပြဿနာတစ်ခုခုက သင့်ကို အနိုင်ယူ ချေမှုန်း တော့မည်’’ ဟုဆိုလိုသော စကားစုဖြစ်လာသည်။
ဝိညာဉ်ရေးရာ အသက်တာ၌လည်း ကြီးမားသော ကျရှုံးမှုသည် ရှောင်လွဲ၍မရသော၊ တစ်ချိန်တွင် ‘‘မိမိ၏ ၀ါတာလူးစစ်ပွဲ’ ကို လူတိုင်းကြုံရမည်ဟု လူအချို့က ထင်မှတ်ကြသည်။ သို့သော် ရှင်ယောဟန်က ‘‘ဘုရား သခင်၏သားဖြစ်သောသူ မည်သည်ကား လောကကို…
ပင်ပန်းနွမ်းနယ်သူအတွက် ခွန်အား
နေသာ၍ လှပသော နေ့တစ်နေ့တွင် ပန်းခြံထဲ၌ လမ်းလျှောက်ရင်း လွန်စွာမှ စိတ်ပင်ပန်း စိုးရွံ့နေကြောင်း ခံစားရသည်။ ကိစ္စတစ်ခုတည်းသာမဟုတ်ဘဲ အရာအားလုံးက ကျွန်ုပ်ကို ဆွဲချနေသကဲ့သို့ ခံစားရသည်။ သို့နှင့် ခုံတန်းရှည်တစ်ခုတွင် ထိုင်မည်အပြု ‘‘ချစ်ခင်ရသော ခင်ပွန်း၊ အဖေ၊ အစ်ကိုနှင့် သူငယ်ချင်း’’ ဟူ၍ ရေးထိုးထားသော ကမ္ပည်းမှတ်တမ်းကို သတိထားမိသည်။ ‘‘ထာဝရဘုရားကို မျှော်လင့်သောသူတို့ မူကား အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ’’ (ဟေ ရှာ ၄၀း၃၁) ကျမ်းချက်ကိုပါ ရေးသားထားသည်။
ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည့် ထိုကျမ်းချက် အားဖြင့်
ဘုရားရှင် ကျွန်ုပ်ကို စကားပြောခဲ့သည်။ ခန္ဓာ စိတ် ၀ိညာဉ် ပင်ပန်းနွမ်းနယ်မှုများကို ကျွန်ုပ်တို့ တစ်ယောက်စီတိုင်း ခံစား ရတတ်ပါသည်။ ကျွန်ုပ်တို့ ပင်ပန်းနွမ်းနယ်တတ်သော်လည်း၊ အစဉ်အမြဲ…
ကိုယ်ချင်းစာညှာတာသောဘုရား
၎င်းတို့ဒီဇိုင်းဆွဲပေးလိုက်သည့် အိမ်ရှင်များ၏ လိုအပ်ချက်ကို သဘောပေါက် နားလည်အောင် ဒေးဗစ်ဒေးလတ်သည် သူ့တပည့် ဗိသုကာပညာရှင်လေးများအား ‘‘ညအိပ်အစီအစဉ်’’ ၌ ပါဝင်စေသည်။ ထိုအစီအစဉ်မှာ ၎င်းတို့သည် ညအိပ်ဝတ်စုံကို ၀တ်ပြီး အငြိမ်းစား သက်ကြီးရိပ်သာတစ်ခုတွင် အသက် ၈၀-၉၀ အရွယ်ဘိုးဘွားများ နေထိုင် အသက်ရှင်သည့် ပုံစံအတိုင်း ၂၄ နာရီ နေထိုင်ရန်
ဖြစ်သည်။ ၎င်းတို့သည် နားကြားကရိယာ နားကြပ် တပ်ထား ရသည်။ တွေ့သမျှအလုပ်ကို လက်နှင့် မလုပ်မိအောင် လက်ကို ချည်ထားရသည်။ မျက်မှန်ကို လဲရသည်။ ‘‘အကြီးမားဆုံး အကျိုးကျေးဇူးကတော့ အသက် ၂၇ နှစ် အရွယ် လူများကို လွတ်လိုက်ပြီး သူတို့ပြန်လာတဲ့အခါ သူတို့ စိတ်နှလုံးက ဆယ်ဆ ကောင်းလာတယ်။ (သဘောထား ကြီးလာတယ်)။ လူတွေကို သူတို့ကိုယ်တိုင် မြင်ရပြီး သူတို့ရဲ့ ဒုက္ခအခက်အခဲကို စာနာနားလည်သွားကြတယ်’’…
အစဉ်စောင့်ထိန်းမှုအောက်၌
စစ်ပြန်သတင်းထောက် စကော့ပယ်လီ သည် ရေဒီယို၊ ကင်မရာ၊ လက်ဆွဲသေတ္တာ၊ အိပ်ဆောင်ကွန်ပြူတာ၊ ဟန်းဖုန်း နှင့် အသုံးတည့်လှသည့် အရေးပေါ် တည်နေရာ အချက်ပြစက် စသည့်တို့ မပါဘဲနှင့် ခရီးသွားကာ တာဝန်ထမ်းဆောင်လေ့မရှိပါ။ “အချက်ပြစက်ကိုဖွင့်ပြီး ခလုပ်နှိပ်လိုက်ရင် စက်က အမျိုးသား သမုဒ္ဒရာနှင့်ကမ္ဘာ့လေထု စီမံကွပ်ကဲရေးဌာနနဲ့ ချိတ်ဆက်ထားတဲ့ ဂြိုလ်တုဆ်ီကို အချက်ပြ သတင်းပို့လိမ့်မယ်။ အဲ့ဒီအခါမှာ ကျွန်တော် ဘယ်သူဖြစ်ကြောင်း၊ ဘယ်နေရာမှာ ရောက်နေကြောင်း ညွှန်ပြ ပေးပါတယ်။ ကိုယ်ရောက်နေတဲ့ နေရာဒေသပေါ် မူတည်ပြီး၊ သူတို့က ကယ်ဆယ်ရေး အဖွဲ့ ပို့ဖို့၊ မပို့ဖို့ ဆုံးဖြတ် ပါလိမ့်မယ်” ဟုသူက AARP မဂ္ဂဇင်းသို့ ပြောပြသည်။ ပယ်လီ သည် အချက်ပြစက် အသုံးပြုရန် လိုအပ်သည့် အခြေအနေနှင့် တစ်ခါမျှ မကြုံဘူးခဲ့သော်လည်း ထိုစက်မပါ
ဘဲနှင့် ခရီးသွားလေ့မရှိပါ။…
သာ၍ကောင်းသည့် ၀မ်းမြောက်မှုမရှိ
ဘော့ နှင့် အီဗွန်ပေါ်တာ တို့သည် သားသုံးယောက်နှင့် ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး ချစ်စရာကောင်းသော ဇနီးမောင်နှံဖြစ်သည်။ ထိုနောက် ၁၉၅၆ တွင် အိုကလားဟိုးမား မြို့၌ ဆရာကြီး ဘီလီဂရေဟမ် ၏ တရားဟောပွဲသို့ တက်ရောက်ခဲ့ပြီး အသက်တာကို ဆက်ကပ်ခဲ့၍ အံ့သြဖွယ်ရာ အသစ်သောဘ၀လမ်းကြောင်း ပြောင်းလဲသွားသည်။ မကြာမီပင် ခရစ်တော်၌ရှိသော သူတို့၏ယုံကြည်ခြင်းနှင့် သမ္မာတရားကို အခြားသူများအား လက်ဆင့်ကမ်းဝေငှ လိုသောကြောင့် အထက်တန်းနှင့် ကောလိပ်ကျောင်းမှ ကျမ်းစာလေ့လာလိုသည့် ကျောင်းသူကျောင်းသားများ အတွက် စနေနေ့ညတိုင်း သူတို့အိမ်တံခါးဖွင့်လျက် နေရာ ပေးခဲ့သည်။ သူငယ်ချင်းတစ်ယောက်က ကျွန်ုပ်အားဖိတ်ခေါ် ခဲ့ခြင်းကြောင့် ပေါ်တာတို့အိမ်၌ ပုံမှန်ကျမ်းစာလေ့လာသူ တစ်ယောက် ဖြစ်လာသည်။
ထိုသို့ ကျမ်းစာလေ့လာရာ၌ အလေးအနက်ထား လုပ်ဆောင်ရသည်။ သင်ခန်းစာများ ကြိုတင်ပြင်ဆင်ရသည်။ ကျမ်းပိုဒ်များ ကျက်မှတ်ရသည်။ သူငယ်ချင်းများနှင့် မိတ်သဟာယဖွဲ့ရပြီး ရယ်မော ပျော်ရွှင်မှုများ ၀န်းရံနေသောအ၀န်းအ၀ိုင်းတွင် အချင်းချင်းစိန်ခေါ်ရင်း၊…
ဗြောင်းဆန်မှုများထက် သာလွန်ကြီးမြတ်သော
ဓမ္မဟောင်းကျမ်းမှ ဓမ္မရာဇ၀င်ဒုတိယစာစောင်၏ အဓိကအချက်ကို “ဗြောင်းဆန်သော ဘ၀အကြောင်း” ဟု အလွယ်ခေါ်ဆိုနိုင်သည်။
ဒါဝိဒ်မင်းသည် ဣသရေလနိုင်ငံ၏ ဘုရင်အဖြစ်နိုင်ငံထူထောင်ရာ၌ စစ်ရေးအရ စိန်ခေါ်မှုများ၊ နိုင်ငံရေးပုန်ကန်မှုများ၊ မိတ်ဆွေနှင့် မိသားစုအတွင်း သစ္စာဖောက်မှု များကို ရင်ဆိုင်ခဲ့ရသည်။ ဒါဝိဒ်မင်းကိုယ်တိုင် အပြစ်မကင်း ကြောင်း သူနှင့်ဗာသရှေဘ၏ဆက်ဆံရေးက အထင်းသား ဖော်ပြနေသည် (အခန်းကြီး ၁၁-၁၂)။
သည့်တိုင် ဓမ္မရာဇ၀င်ဒုတိယစောင်အဆုံးပိုင်း၌ ဘုရားသခင်၏ကရုဏာတော်၊ မေတ္တာတော်နှင့် ကယ်တင် ခြင်းများအတွက် ဒါဝိဒ်၏ချီးမွမ်းသီချင်းကို တွေ့ရသည်။ “အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏မီးခွက် ဖြစ်တော်မူ၏။ ထာဝရဘုရားသည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။” (၂ရာ ၂၂း၂၉)။
ဒါဝိဒ်မင်းသည် သူ့ဘ၀၏အခက်အခဲများစွာတွင် ထာဝရဘုရားထံသို့သာ ဦးလှည့်ခဲ့သည်။ အကျွန်ုပ်သည် ကိုယ်တော်ကိုအမှီပြု၍ တပ်ကိုဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကိုအမှီပြုလျက် မြို့ရိုးကို ကျော်၍၀င်ပါပြီ” (း၃၀)။
ဒါဝိဒ်မင်းရုန်းကန်ရမှုများကို ကျွန်ုပ်တို့ထပ်တူခံစားရမည်။ အဘယ်ကြောင့် ဆိုသော် ဒါဝိဒ်မင်းသည် ကျွန်ုပ်တို့နှင့်ထူးမခြားနား၊…
ဤနေ့ရက်သည်
၁၉၄၀ ခုနှစ်တွင် ဒေါက်တာ ဗာဂျီးနီးယား ကော်နယ်လီသည် ဆန့်ကျင်မှုနှင့် ဝေဖန်မှု များကို ရင်ဆိုင်လျက် တက္ကဆက် ပြည်နယ် အဘီလင်မြို့၌ ပထမဆုံး အမျိုးသမီး ဆရာဝန် ဖြစ်လာသည်။ ၂၀၁၂ ခုနှစ်က သူမ၏နှစ် ၁၀၀ ပြည့်မွေးနေ့မတိုင်မီ လပိုင်း အလိုတွင် တက္ကဆက်ဆေးပညာအသင်းမှ သူ့အား တက္ကဆက်၏ အမြင့်ဆုံးသော ဆေးပညာဆိုင်ရာ စွမ်းဆောင်ရှင် ဆရာဝန်ဆုကို ချီးမြှင့်ခဲ့ သည်။ ထိုမှတ်တိုင်နှစ်ခု ကြားကာလတွင် ဒေါက်တာ ကော်နယ်လီသည် နယ်လှည့်ဆေးကုသည့် သာသနာခရီးစဉ် များစွာမှတစ်ဆင့် ဧ၀ံဂေလိသတင်းကောင်းကို ဝေမျှရန် စိတ်အားထက်သန်စွာ လုပ်ဆောင်ခဲ့သည်။ တစ်ချိန်တည်း မှာပင် သူသည် ဘုရားသခင်နှင့် လူကို အစေခံသည့် အသက်တာဖြင့် တစ်ရက်တာ တစ်ရက်စာ ဘ၀ရှင်သန် ခဲ့သည်။
သူ၏သင်းအုပ်ဆရာ ဖီလ်ခရစ္စတိုဖာက “ကော်နယ်လီ အတွက် နေ့ရက်တိုင်းဟာ ဆုလာဘ်ပါပဲ။”…